Thursday, November 14, 2013

ဆေးဖက်ဝင် ခွေးတောက်

ခွေးတောက်သီး

ကျွန်တော်တို့ အညာဒေသမှာတော့ ခွေးတောက်ပင် တော်တော်များများ တွေ့ဖူး
ပါတယ်။ ကျွန်တော်တို့ အိမ်က စည်းရိုးမှာ တစ်ပင် ရှိပါတယ်။    ကင်းပုံပင်လည်း
တစ်ပင် ရှိပါတယ်။ အဲဒီ ခွေးတောက်ရော၊   ကင်းပုံရောက နှစ်မျိုးလုံး နွယ်တက်
တဲ့ အမျိုးလေ...။

ခွေးတောက်က စားရရုံတင် မဟုတ်ဘူးဗျ...။   ဆေးဖက်လည်း ၀င်ပါတယ်။ ခွေး
တောက်ရွက်ကိုတော့ ဟင်းချို ချက်သောက်တယ်။  ကြက်သားနဲ့ ခွေးတောက်ရွ
က် အရည်ကျဲလေး ချက်စားတယ်။ အဲလိုလေး ချက်စားရင် အရမ်းကောင်းတယ်


 ...။ အဲလိုလေး ချက်ထားရင်တော့  အိမ်က အဖွားက သူ့သားအငယ်( ကျွန်တော့်
ဘလေး)အိမ်ကို အဲဒီဟင်းလေး  သွားသွားပို့ခိုင်းတယ်...။ ပါးစပ်ကလည်း ပြောေ
သးတယ်...။  “အရက်တို့၊ ထန်းရည်တို့၊ ကွမ်းတို့ ၊ဆေးလိပ်တို့ စားတဲ့ ၊ သောက်
တဲ့ လူတွေကို အဲဒီဟင်းကျွေးရတယ်...။ အဲဒီ ဟင်းက ခန္ဓာကိုယ် ထဲမှာရှိတဲ့ အ
ဆိပ်တွေကို လျော့ ကျစေတယ်”တဲ့...။

ခွေးတောက်ရွက်အပင်မှအပွင့်

နောက်တစ်မျိုးကတော့ ဆီးချုပ်နေတဲ့ လူတစ်ယောက်ကို ခွေးတောက်ရွက်ကြေ
ာ်၊ ခွေးတောက်ရွက်ဟင်းခါး၊ ခွေးတောက်ရွက်ပြုတ် စတဲ့ဟာတွေကို လုပ်စားခိုင်
းတယ်လေ။ အဲဒါတွေက ဆီးအောင့်သက်သာသတဲ့ဗျ...။

နောက်တနည်းကတော့ လူတွေ ဘုတွေ ပေါက်တဲ့ အခါ ၊  အနာစိမ်းပေါက်တဲ့အ
ခါမျိုးတွေမှာ အသုံးပြုလို့ရတယ်လေ။ အိမ်မှာ အပင်က အကြီးကြီး ဆိုတော့ ခွေး
တောက် ရွက်ကို လာလာ ခူးကြတာပေါ့။   အိမ်ဘေးက အဒေါ်ကြီး သွေးစုနာပေါ
က်တုန်းကဆိုရင်  အိမ်က ခွေးတောက်ပင်က ခွေးတောက်ရွက်ကို ခူး...၊ ခူးပြီးရင်
မီးကင်လိုက်ပါတယ်။ ပြီးတော့ အနာကို ကပ်လိုက်တယ်။ သူ့သွေးစုနာ က ပေါက်
ကျသွားတယ်ဗျ။ အဲဒါက ဘုက ရင့်နေလို့လေ...။     နုရင်တော့ ဘုက ပိန်သွားတ
ယ်တဲ့ဗျ...။ ခွန်အားနည်းနေတဲ့ လူတွေကိုတော့ ခွေးတောက်ရွက်နဲ့ ဘဲဥကိုကြော်
စားခိုင်းတာဗျ...။ ခွန်အားပြည့်စေတယ်လို့ ပြောတယ်...။

ခွေးတောက်ညွန့်

အခုဟာလေးတွေကတော့ ကျွန်တော်သိတဲ့ ခွေးတောက်ပင်က အရွက်လေးတွေ
က စားလည်းစား၊ ဆေးလည်း ဖြစ်တဲ့ အကြောင်းအရာလေးတွေပါ...။   စကားပံုေ
တာင် ရှိတယ်လေ... “အစာလည်းဆေး ၊ ဆေးလည်း အစာ”တဲ့...။

ခွေးတောက်ရွက်က ခါးတယ်နော်....။    ခါးရင်  ဆေးဖက်ဝင်တယ်လို့တော့ ပြော
သံကြားဖူးတာပဲ....။ အားလုံး လိုအပ်တဲ့    နေရာလေးတွေမှာ အသုံးပြုနိုင်ကြပါေ
စ...။
ခွေးတောက်ရွက်ရဲ့ အသုံးဝင်ပုံလေးတွေ သိရင်လည်း ကျေးဇူးပြုပြီး ပြောပေးသွ
ားကြပါအုံးနော်...။ အခုဟာက ကျွန်တော်သိတာလေး ပြောပြတာပါ...။

ဗဟုသုတ အနည်းငယ်ရမယ်ထင်ပါတယ်...။ 

(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက ကျွန်ေ
တာ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။

အားလုံကိုကျေးဇူးတင်ပါတယ်........

No comments:

Post a Comment

မှာစရာရှိရင်​ Chat box မှတဆင့်​ မှာခဲ့ပါ