Thursday, December 6, 2012

သင်္ဘောသီး အသား ဖြင့် အလှပြင်ခြင်း


သင်္ဘောသီးအသားက အစေးနဲ့ မျက်နှာပြင်ကို ပွတ်တိုက်ပေးရင်

(၁) သင်္ဘောသီးဟာ မျက်နှာပြင်က အမည်းစက်တွေကို ကင်းစင်ပြီး မလှမပနဲ့ ၀ါဖန့်ဖန့်အသားအရည်ကို အရောင်ပြန်လည်တောက်ပလာစေတယ်

(၂) ပျားရည်ကို မျက်နှာပြင်မှာ လိမ်းပေးပြီး ၁၀မိနစ်ထား ပြီး ရေနွေးလေးနဲ့ သန့်စင်ပေးမယ်မျက်နှာသစ်ပေးမယ်ဆိုရင် မျက်နှာအသားအရည်ကို ချေးညော်ကင်းစင်သန့်ရှင်းပြီး ချောမွေ့စေနိုင်တယ်


(၃) သခွားသီးအစေးလေးနဲ့ မျက်နှာကို ပွတ်ပေး ပြီင်္း ရေအေးလေးနဲ့ မျက်နှာသစ်ပေးမယ် ဆိုရင်လေ မျက်နှာအသားအရည်ပျော့ပြောင်းပြီး  အရေပြားလေးကို တင်းရင်းနေစေတယ်တဲ့

(၄) ကြက်ဥ က အနှစ် နဲ့မျက်နှာပြင်ကို လိမ်းထားပြီး ခြောက်သွေ့ရင်ရေနွေးလေးနဲ့ မျက်နှာသစ်ပေးခဲ့ရင် အဆီများတဲ့မျက်နှာပြင်ပေါ်က ချေးညော်တွေကို သန့်စင်စေပါတယ်တဲ့၊ မှဲ့ခြောက်တွေ၊
တင်းတိပ်တွေရှိသူတွေအတွက် လည်း သက်သာပျော်ကင်းစေပါတယ် တဲ့


(၅) အကာက အသားအရေကို တင်းရင်းစေတာမို့ အကာလေးနဲ့ပေါင်းတင်ရင် မျက်နှာပြင်မှာ ပါးရည်တွန့်သူတွေ အတွက် အသုံးဝင်ပါတယ်တဲ့


( အကာရည်လေးကို ပါးပြင်မှာ လိမ်းထားပြီး ခြောက်သွေ့တာနဲ့ (ရေနွေးနွေးလေးနဲ့)
မျက်နှာသစ်ပေးရတယ်လေ…
ပြီးမှ ရေအေးလေးနဲ့ ထပ်သစ်ရတယ်


အဲလိုလုပ်လိုက်ရင် မျက်နှာမှာ တင်းရင်းပြီး ကြည်စင်သွားသလိုခံစားရတာ    လှနိုင်ကျပါစေရှင်...

*** .. [ သင်္ဘောသီး နုနုနဲ့ ၀ဲနှင်းခူ ] .. ***

ဝဲ နှင်းခူ ဖြစ်ခဲ့သော် 
သင်္ဘောသီး နုနု တလုံးရှာ၊ 
ထိပ်ဝကို ဓားနှင့်လျှပ်၊ အစေးထွက်လာလိမ့်မယ်။
အဲဒီ သင်္ဘောသီးထိပ်နဲ့ အနာကို ပွတ်တိုက်ပေး၊ ယားကျိကျိနဲ့ ခံလို့ကောင်းတယ်။ 
သွေး ညိုညို ပုပ်ပုပ်ကြီးတွေ ထွက်လာတယ်၊ ဆက်တိုက်ပေး။
အရည်ကြည်တွေ ထွက်လာပြန်ရော၊ ဆက်ပြီး ပွတ်တိုက်ပေး။
သွေးနီရောင်တွေ ထွက်လာတော့ နာလာလိမ့်မယ်။
သွေးထွက်လာလို့ နည်းနည်းကြာတော့ ရပ်ထားပြီး အနာကျက်ဆေး တခုခု ၀ယ်လိမ်းပေးလိုက်ပါ။
မကြာပါ အလွှာအလွှာလိုက် ကွာကျပြီး အသားနုတက်ပြီး သက်သာပျောက်ကင်းသွားပါတော့သည်။ 

သင်္ဘောသီးက ပိုးတွေ(အဆိပ်တွေ)ကို စုပ်ယူတဲ့သဘောပါ။ ဒါကြောင့် မြွေကိုက်ခံရတဲ့သူကို သင်္ဘောသီးထိပ်ဝနဲ့ တိုက်ပေးပြီး အဆိပ်ထုတ်ပေးတာ ဖြစ်မယ်။

နောက်ပြီး ပွေးခြောက်တွေကိုလည်း သင်္ဘောသီး နုနုနဲ့ ကုလို့ရတာ လက်တွေ့ပါ။


စိုးလင်းအောင် (မြန်အောင်)
(နက္ခတ္တရောင်ခြည် ၂၀၀၉-မေလ)

No comments:

Post a Comment

မှာစရာရှိရင်​ Chat box မှတဆင့်​ မှာခဲ့ပါ