Thursday, August 31, 2017

ကြမ်းပိုးကိုက်​လို့ စိတ်​ညစ်​​နေကြလား




မိဘများက မိမိတို့ရဲ့ရင်သွေးကလေး
များကို ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်
သစ် လူုဖြစ်လာကတဲက ဝါးဖတ်တော်က
စီဓာတ်နဲ့လူဖြစ်အောင်ကျွေးမွေးလာခဲ့ကြ
တဲ့အပြင် -----
မှက်။ခြင်။ကြမ်းပိုး မထိုးရအောင် ဂရု
စိုက်ခဲ့ကြပါတယ်။
ညကျရင်ကလေးအိပ်ရာထဲမှာ ကြမ်း
ပိုးရှာပေးရတာနဲ့မအိပ်ရတဲ့မိဘတွေရှိကြ
ပါတယ်။
မေတ္တာပို့တဲ့အထဲမှာ ကြွက် ခြင် ယင်
ကြမ်းပိုး ဤလေးမျိုး မပါဘူးလို့ ဆိုကြသူ
တွေလဲရှိကြတယ်။
လူများများ နေကြရတဲ့ဆေးရုံ၊ အချုပ်
ခန်း၊ စာသင်ကျောင်း၊ဘော်ဒါ၊စာသင်
တိုက်၊ မီးရထား၊ထောင် စတာတွေမှာ
ကြမ်းပိုးရန်ကြောင့် စိတ်ညစ်နေရပါတယ်
အဲဒီလောက်တောင်ဒုက္ခပေးနေတဲ့
ကြမ်းပိုးကို အမျိုးမျိုးသောနည်း၊ အမျိုးမျိုး
သောဆေးဝါးတွေနဲ့ အကြိမ်ကြိမ်နှိမ်နင်း
ခဲ့ကြပါတယ်။ခေါင်းမူးတာပဲ အဖတ်တင်
ပါတယ်။

Sunday, August 20, 2017

ဝမ်းချုပ်ခြင်း နှင့် သွားနာ သွားကိုက်ရောဂါ

ကြည်လွင်မြင့် (မုဒြာ)


သွားနာ၊ သွားကိုက် ဝေဒနာသည် သာမန်ဟု ထင်ရသော်လည်း တကယ် ဖြစ်လာလျှင် အလုပ်ပျက် အကိုင်ပျက် ဖြစ်အောင် ဒုက္ခပေးသော ဝေဒနာမျိုး ဖြစ်ကြောင်း ခံစားဖူးသူတိုင်း သိကြပေမည်။ သွားနာခြင်းကို ဖြစ်စေသော အကြောင်းများစွာ ရှိနိုင်သော်လည်း လူအများ သတိမထားမိ ကြသည်မှာ သွားနာ၊ သွားကိုက် ခြင်းသည် ဝမ်းချုပ်ခြင်းနှင့် ဆက်စပ်နေခြင်း ဖြစ်သည်။

သွားကိုက်ဝေဒနာ ခံစားရသူ တစ်ဦးသည် သွားဆရာဝန်နှင့် ပြသပြီး သွားနုတ်လိုကြောင်း ပြောသည်။ သွားဘက်ဆိုင်ရာ ဆရာဝန်က စစ်ဆေးပြီး သွားဖုံးနှင့် သွားခြေများ ရောင်နေသဖြင့် သွားကိုက်ခြင်း ဖြစ်ကြောင်း၊ သွားမှာ အကောင်းကြီး ရှိနေသေးသဖြင့် နုတ်ပစ်ရန် မသင့်ကြောင်း၊ အရောင်ကျ စေမည့် သောက်ဆေး၊ ငုံဆေးများ ပေးပြီး ပြန်လွှတ်လေ့ ရှိသည်။

သွားနာသလားဤဆေးကိုသုံးပါ


ဆရာဦးသန်းစိုး ( ချောင်းနက် ) ရေးသားခဲ့သည့်စာမူဖြစ်ပါသည်။

သွားနာသွားကိုက်ရောဂါသည် သွားရှိနေသောလူတိုင်းအား ဒုက္ခပေးသောရောဂါဖြစ်ပါသည်။ လူတိုင်း တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ သွားနာဖူးကြပါမည်။ သွားနာ သက်သာပျောက်ကင်းစေရန် ဆေးမြီးတိုများကလည်း အလွန်များပြားပါသည်။ ယ္ခု သွားနာသက်သာပျောက်ကင်း ဆေးနည်းတစ်မျိုးကို ဖေါ်ပြပါမည်။ စမ်းသပ်သုံးစွဲကြည့်ကြပါ....

ကင်ဆာအဖုအကျိတ်များကို လက်တွေ့​ပျောက်စေတဲ့ မင်းဂွတ်သီး


ဒီအကြောင်း ရေးချင်နေတာ ကြာပါပြီ။ လိုင်းမကောင်းတာနဲ့ မအားတာနဲ့ မရေးဖြစ်ခဲ့ဘူး။
မင်းဂွတ်သီး အစွမ်းကိုလေ အင်တာနက်မှာ ဖတ်ရတာတော့ ကြာပြီ လက်တွေ့မလုပ်ဖြစ်ဘူး။ တစ်နေ့ စာအုပ်ဆိုင်က မင်းဂွတ်သီးနှင့် ကင်ဆာရောဂါဆိုတဲ့ စာအုပ်တွေ့လို့ ဝယ်လာပြီး ဖတ်ကြည့်မိတယ်။

ဆံကေသာအတွက် အစားအစားများ


ဆံပင်စတိုင်နဲ့ ဆံကေသာ ကျန်းမာ လှပမှုဟာ လူတစ်ယောက်ကို ကြည့် အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ သန်စွမ်း ကျန်းမာတဲ့ ဆံပင်ပုံ ရှိဖို့ဆိုရင် သင်ခေါင်းလျှော်တဲ့ ပုံစံ၊ ဆံပင်သား လှပအောင် ကွန်ဒီရှင်နာ လိမ်းတဲ့ ပုံစံအပေါ်မှာလည်း မူတည်နေသလို စားသောက်တဲ့ အာဟာရ အပေါ်မှာလည်း မူတည်နေပါတယ်။ သင်ရဲ့ ဆံကေသာ ကျန်းမာ လှပစေဖို့ အဓိက စားသင့်တဲ့ ထိပ်တန်း အာဟာရ ဓာတ်တွေကို အကြံပြုလိုက်ပါတယ်။

မှာစရာရှိရင်​ Chat box မှတဆင့်​ မှာခဲ့ပါ