Photoshopသင်ခန်းစာများ

Photo shop သုံးပြီး မျက်လုံလေး
မှိတ်ပြတဲ့နည်းလေးပါ လုပ်ကြည့်ချင်တယ်ဆိုရင်တော့


အဆင့်(၁) Ctrl+O (သို့မဟုတ်) File >>>Open ကိုနှိပ်ပြီးဓာတ်ပုံထည့်ပါ



အဆင့်(၂) Shift+Z (သို့မဟုတ်)အနီရောင်မျှားပြထားတဲ့နေရာမှာကလစ်ပါ
ပြီးရင် ပုံမျှားလေးတင်ပြီး Right ကလစ်နှိပ်ပြီး Fit on Screen ကိုနှိပ်ပါ


အဆင့်(၃) Ctrl+J (သို့မဟုတ်) Layer >>>>Duplicate Layer ကိုနှိပ်ပါ
Ctrl+J ကိုသုံးထားရင် အောက်၂ ပုံပြထားသလိုမလိုအပ်ပါ


အဆင့်(၄) OK ကိုနှိပ်ပါ 


အဆင့်(၅) Shift+Ctrl+X (သို့မဟုတ်)  Filter  >>>>Liquify ကိုနှိပ်ပါ



အဆင့်(၆) Tool ( F )ကိုနှိပ်ပါ (သို့မဟုတ်) အစိမ်းရောင်ပြထားတဲ့နေရာကလစ်ပါ
ပြီးရင် ပုံမှာမြင်နေရသလို မျက်လုံးဘေးနားကိုအနီလေးနဲ့ဝိုင်းလိုက်ပါ


အဆင့်(၇) Tool ( W ) ကိုနှိပ်ပါ (သို့မဟုတ်)ဘယ်ဘက်ကအစိမ်းရောင်ပြထားတဲ့နေရာကို
ကလစ်ပါ  ပြီးရင် အပေါ်မျက်ခမ်းလေးကိုအောက်ကိုဆွဲချပါ နောက်ထက် အောက်မျက်ခမ်းကို
အပေါ်သို့ဆွဲတင်ပါ မျက်လုံးမှိတ်တဲ့ပုံလေးဖြစ်အောင်ပေါ့ လက်နှိပ်ပါစေနော်
မျက်လုံးလေးမှိတ်တဲ့ပုံပြီးသွားရင် ညာဘက်ကအစိမ်းရောင်ပြထားတဲ့ OK နှိပ်ပါ




အဆင့်(၈)  Window >>>> Animation ကိုနှိပ်ပါ



အဆင့်(၉) အနီရောင်လေးထောင့်ကွက်ပြထားတဲ့
Duplicates selected frames   နေရာမှာကလစ်တစ်ချက်နှိပ်လိုက်ပါ
မျှားပြထားသလိုပုံ၂ခုရအောင်



အဆင့်(၁၀) အနီရောင်ပြထားတဲ့အကွက်ထဲမှာမျက်လုံပုံလေးရှိပါတယ် အဲ့မျက်လုံးကိုကလစ်နှိပ်ပြီးဖျောက်လိုက်ပါ


အဆင့်(၁၁) နံပါတ်(၁)မှာ 0.2 sec ထားပြီး နံပါတ်(၂)မှာ 1.0 sec ထားလိုက်ပါ
ပြီးသွားပုံရဲ့အောက်မှာ play ကြည့်လိုက်ပါ ပုံကိုမမြင်ရရင်ပုံကိုကလစ်ပြီးကြည့်ပါ










အဆင့်(၁၂) သိမ်းပါ့မယ် Alt+Shift+Ctrl+S  (သို့မဟုတ်)
File >>> save for web &Devices.....ကိုနှိပ်ပါ



အဆင့်(၁၃) Save ကိုနှိပ်ပါ



အဆင့်(၁၄) ဖိုင်နာမည်ရေးပါ ပြီး Save ကိုနှိပ်ပါ ဖိုင်နာမည်ရေးရင် နာမည်နောက်က
.........gif လို့ထည့်ပါ


 ပြီးပါပြီ

သူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

Text Effect - Photoshop ဖြင့်စာလုံးဒီဇိုင်းများ ဖန်တီးခြင်း




 ဒီနေ့တော့ Photoshop နဲ့ စာလုံး Design လေးဖန်းတီးပုံကို photoshop အခြေခံလေးတွေ လိုချင်နေတဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်..။ သူငယ်ချင်းတွေကလည်း ခဏခဏနပူနစာ တိုက်နေတာနဲ့ မသိသေးတဲ့ သူများနဲ့ အဝေးကသူငယ်ချင်းတွေအတွက် ဒီနေ့ဒီပိုစ့်လေး ကိုတင်လိုက်ရပါတယ်.. လုပ်ပုံလုပ်နည်းကတော့ သိပ်မခက်ပါဘူး..။ အသေးစိတ်ရှင်းပြထားလို့ ပုံတွေတော့ နည်းနည်းများတယ်..။ အပေါ်ကပုံလေးကို ဘယ်လိုဖန်တီးလဲဆိုတာ ကိုတင်ပြသွားပါမယ်..
အရင်ဆုံး Photoshop ရဲ့ File ကနေ New .. အဲဒီကနေ Photo စာရွက်တခုကို စယူပါမယ်..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..

အောက်ပုံမှာတော့ စာရွက်ဖြူကို အရောင်တင်မှာဖြစ်တဲ့အတွက် ပုံလေးတွေကြည့်ပြီး အဆင့်ဆင့်နှိပ်သွား ပေးလိုက်ပါ..

အောက်ပုံအတိုင်း 3 နေရာက Simple ကိုကလစ်လိုက်ပါ..
အပေါ်ပုံအတိုင်း OK ပေးလိုက်ရင်.. ဆေးရောင်ခြယ်ထားတဲ့ အကွက်လေးတွေ ပြောင်းသွားတာကို အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်.. ပြီးရင်တော့ အောက်ပုံက အနီဝိုင်းထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် အရောင်တခုကို ကလစ်လိုက်ပါ..

ပြီးရင်တော့ အောက်ပုံအတိုင်း မောက်စ်မျှားဖြင့် ဖိဆွဲပါ..။
ဒါဆိုရင် နေထိုးနေတဲ့ ဒီဇိုင်းလေး စာရွက်တရွက်ရလာပါပြီ... အောက်ကပုံမှာတော့ စာစရေးပါတော့မယ်..။ ဒါကြောင့် နံပါတ်စဉ်တိုင်းနှိပ်သွားပြီး စာလုံးအရောင်ရွေး... စာရေးပါ..

စာလုံးအရောင်နဲ့ စာရေးတာကို အောက်ပုံမှာ ဆက်ကြည့်ပါ..
စာလုံတွေကို  စိတ်ကြိုက်ပုံဖေါ်ဖို့ ဆိုရင်တော့ Type ကိုပြောင်းပေးရပါတယ်.. လုပ်နည်းကို အောက်ပုံမှာ ဆက်ကြည့်လိုက်ပါ..

Type ကိုနှိပ်ပြီးရင်တော့ အောက်ပုံအတိုင်း စာလုံးကို စိတ်ကြိုက်ပြောင်းလို့ ရပါပြီ..
အပေါ်ပုံအတိုင်း ပြီးရင်တော့ စာလုံးကသိပ်မလှသေးပါဘူး.. ဒါကြောင့် အောက်ပုံမှာပြထားတဲ့ အတိုင်း သွားလိုက်ပါ..
Inner Glow ရဲ့ ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း ပြောင်းလဲပေးလိုက်ပါ..။ ဒီနေရာမှာ ဒီပုံအတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး..။ မိမိတို့ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် စတိုင်လေးတွေကို ပြောင်းလဲ ရင်လည်း ရပါတယ်..။ စိတ်ကြိုက်လုပ်ပါ.. ပြီးရင်တော့ OK နှိပ်လိုက်ပါ..

အောက်ကပုံမှာတော့ လေယာတခုပွါး လိုက်ပါ.. Ctrl+Alt+Down Arrow နဲ့ လေယာပွါးပါမယ်.. ရှော့ကပ် ကီးကိုနှိပ်လိုက်ရင်တော့ အောက်ပုံအတိုင်း Lwinminbo Copy လေယာ တခုထွက်လာပါပြီ..

အောက်ကပုံကတော့ Copy ထွက်လာတဲ့ လေယာကို ပြောင်းပြန်လှန်ချမှာ ဖြစ်ပါတယ်.. ဆက်ကြည့်လိုက်ပါ..
အပေါ်ပုံအတိုင်းပြီးရင်တော့ အောက်ကပုံမှာ လေယာကွက်ထဲက စောစောန အောက်ဆွဲလှန်လိုက်တဲ့ လေယာနဲ့ သက်ဆိုင်တဲ့ Opacity မှာ အနည်းငယ်လျှော့ပေးပါ.... အောက်ရောက်နေတဲ့ စာသားရဲ့ အရောင်ကို လျှော့ပေးမှာဖြစ်ပါတယ်..

Fill မှာလည်း မိမိတို့ မျက်လုံးနဲ့ ကြည့်လို့ အဆင်ပြေမယ့် အနေအထားထိ လျှော့ပေးပါ..
ပြီးရင်တော့ အောက်ပုံမှာ နောက်ထပ်စာတကြောင်း ထပ်ရိုက်ပါမယ်.. ဆက်ကြည့်လိုက်ပါ.. နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..

အပေါ်ပုံအတိုင်း စိတ်ကြိုက်ရေးပြီးရင်တော့ Layer ကနေ Type ကိုကလစ်ပေးပါ.. အောက်ပုံ
ပြီးရင်တော့ Design စာလုံးကို အနားကွပ်လေး ထည့်မှာဖြစ်တဲ့အတွက် .. အောက်ပုံအတိုင်းဆက် နှိပ်သွားလိုက်ပါ..

Stoke ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း အရောင်ရွေးပေးပါ.. ပြီးရင် Ok နှိပ်ပါ..

အောက်ပုံအတိုင်း Design စာလုံးမှာ ဘောင်ကွပ်ပြီးသားမြင်ရပါပြီ...
ဒီနေရာမှာ တခုကျန်ခဲ့ပါတယ်.. ဘာလဲဆိုတော့ အပေါ်မှာ Lwinminbo Layer နဲ့ Lwinminb Copy Layer နှစ်ခုကို အပေါ်အောက်ညီအောင် ကြည့်ကောင်းအောင် ညှိပေးဖို့ပါ..။ ဒါကြောင့် အဲဒီအဆင့်ကို ဒီနေရာမှာ ပြန်လုပ်ပါမယ်.. Layer ဘောက်စ်ထဲက Lwinminbo Copy လေယာကို တချက်ကလစ်ပါတယ်..

လေယာကို ကလစ်ပြီးရင် အောက်ပုံအတိုင်း ဆက်နှိပ်သွားပါ..
အပေါ်ပုံအတိုင်း ညီအောင်ညှိပြီးရင်တော့ Enter တချက်ခေါက်ပေးပါ.. ဒါဆိုအောက်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..
စာလုံး ဒီဇိုင်း လုပ်တာပြီးဆုံးသွားပါပြီ.. အောက်ကပုံကတော့ ကျနော့် စိတ်ကြိုက် ပုံလေးတွေကို ဖြတ်ထည့် ထားတာပါ.. ဓါတ်ပုံ ဖြတ်ကပ်လုပ်တာကိုတော့ နောက်တင်တဲ့ ပိုစ့်မှာ ဆက်ကြည့်ကြပါဗျာ..
အောက်ကအဆင့်တွေကတော့ လေယာတွေ ပေါင်းပြီး သိမ်းတာပါ..။ မသိသေးတဲ့သူများကတော့ ဓါတ်ပုံဆိုဒ်နဲ့ သိမ်းတာကို ဆက်ကြည့်ပေးပါ..။ A,B နေ၇ာတွေကနေ လေယာတွေကို ပေါင်းပါမယ်..
ဒီပုံတွေအတိုင်း အဆင့်ဆင့် နှိပ်သွားပြီးရင်တော့ မိမိတို့ ပြုလုပ်လိုက်တဲ့ ပုံလေးဟာ Desktop မှာရောက်လာပါပြီ..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..



  အရင်ဦးဆုံး (စာရေးဖိုကအတွက်  ဒီနေရာ):မှာသွားရေးပါ ရေးပီးရင်   ရေးထားတဲ့စာသားကိုဒေါင်းလော့ဆွဲလာခဲ့ ပီးရင်ဆွဲထည့်လိုက်..။  ပီးရင်စာလုံးကိုချိန်ပါ


Create StarCraft Interface Design in Photoshop CS3

Create StarCraft Interface Design in Photoshop CS3

စာလုံးကာလာ ကိုထည့်ဖို့အတွက် layar ထဲက : Blending Options>Drop Shadow  ကိုသွားအောက်ကပုံမှကြည့်လိုက်ပါ

Create StarCraft Interface Design in Photoshop CS3
ပီးရင်
Blending Options>Inner Shadow

Create StarCraft Interface Design in Photoshop CS3

Blending Options>Inner Glow

Create StarCraft Interface Design in Photoshop CS3

Blending Options>Bevel and Emboss

Create StarCraft Interface Design in Photoshop CS3

Blending Options>Bevel and Emboss (Contour)

Create StarCraft Interface Design in Photoshop CS3

Blending Options>Satin

Create StarCraft Interface Design in Photoshop CS3

Blending Options>Pattern Overlay ဒီနေရာမှာ pattern out လုပ်ပီး Texture Fill 2
အဖြစ်ပြောင်းလဲသုံးစွဲလို့ပါတယ်တယ်...

Create StarCraft Interface Design in Photoshop CS3

Create StarCraft Interface Design in Photoshop CS3












ဒီတစ်ခါတော့ လက်ဆောင်ပေးလို့ရတဲ့ အရာလေးလုပ်ပြပါမယ်။ ဖန်လုံးထဲက မင်းသမီးလေးပေါ့ဗျာ။
File>New နဲ့ width: 600 pxel, Height: 600 pxel လောက်နဲ့ ပေ့တစ်ခုလောက်ယူလိုက်ပါ။ ပြီးရင်တော့ Set foreground color: #282a2b နဲ့ Rectangular marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို  ဆွဲလိုက်ပါ။ Layer>New>layer ယူပြီးဆွဲရမှာနော်။


(၂)  Edit>Transform>wap နဲ့ အောက်ဖက်သို့အနည်းငယ်ဆွဲချပါ။ ပုံမှာပြထားပါတယ်။


(၃) နောက်ထပ် Layer>New>layer ယူပါ။ Set foreground color: #282a2b နဲ့ Elliptical marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို  အ၀ိုက်ကလေးတစ်ခုဆွဲလိုက်ပါ။


(၄) နောက်ထပ် Layer>New>layer ယူပါ။ Set foreground color: #282a2b နဲ့ Rectangular marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို  ဆွဲလိုက်ပါ။


(၅)  Edit>Transform>wap နဲ့ အောက်ဖက်သို့အနည်းငယ်ဆွဲချပါ။ ပုံမှာပြထားပါတယ်။


(၆) နောက်ထပ် Layer>New>layer ယူပါ။ Set foreground color: #5eb7e4 နဲ့ Elliptical marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို  အ၀ိုင်းတစ်ခုဆွဲလိုက်ပါ။ ပြီးရင်ယူထားတဲ့အရောင်ကိုဖြည့်လိုက်ပါ။


(၇)  ပြီးရင် အရောင်ဖြည့်ပြီးသာအ၀ိုင်းရဲ့အောက်ခြေလောက်မှာ Elliptical marquee tool သုံးပြီးတော့ စလက်ရှင်တစ်ခုဆွဲလိုက်ပါ။ ပြီးရင် Select>Inverse နဲ့ စလက်ကိုပြောင်းပြန်လုပ်လိုက်ပါ။



(၈)  နောက်တော့ Tool box က Eraser tool နဲ့ အောက်ကပိုနေတဲ့အပိုင်းလေးတွေကိုဖျက်ပြစ်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မလိုအပ်တဲ့အပိုင်းတွေမဖျက်မိအောင်ကာကွယ်တဲ့သဘောပါ။ စလက်ကိုတော့ Ctrl+D သုံးပြီးဖျောက်လိုက်လို့ရပါတယ်။


(၉)  ကျွန်တော်တို့ အောက်ခံခုံအဖြစ်အသုံးပြုထားတဲ့ လေယာက (၃) ခုဖြစ်နေတယ်နော်။ အဲ့ဒီလေယာ (၃) ခုလုံးကို Ctrl+E သုံးပြီးပေါင်းလိုက်ပါ။ ပြီးရင်တော့ Tool box က Dodge tool နဲ့ Hightlights :35 လောက်ထားပြီး Shade အရောင်ပြေးလေးဖြစ်အောင်ဆွဲပေးလိုက်ပါ။ အလယ်က ထင်ရှား အောင် ဆွဲပေးပါ။ ဘေးဘက်မှာ နည်းနည်း လျော့ဆွဲပါ။


(၁၀)  ပြီရင်အရောင်ဖြည့်ထားတဲ့ အပြာရောင်အ၀ိုင်းလေယာကို Ctrl+J နဲ့လေယာထပ်ပွားလိုက်ပါ။ ပြီရင် ပွားလိုက်တဲ့လေယာအပေါ်မှာ Ctrl key ကိုဖိပြီးတော့ ကလစ်တစ်ချက်နှိပ်လိုက်ပါ။ စလက်အဖြစ်ရပါလိမ့် မယ်။ စလက်ရရင်တော့ Set foreground color: #666460 အရောင်နဲ့ဖြည့်လိုက်ပါ။ စလက်ကိုတော့ ဖျက်မပစ်ပါနဲ့ဦး။


(၁၁)  Layer> Layer style>Blending Option ကိုနှိပ်ပါ။ ကျလာတဲ့ဘောက်မှာ ကျွန်တော် စက်တင်တွေ ပြထားပါတယ်နော်။ Inner Shadow ယူပါ။ Blend moode: Linear dodge, Opacity:45 Angle: (-54), Distance: 15, Choke:0, Size: 35, Noise: 0, Set color of shadow:#ffffff ပေးလိုက် ပါ။ ပြီးရင်တော့ Ok လိုက်ပေါ့ဗျာ။


(၁၂) လေယာဘောက်က Blend moode မှာ Normal ကနေ Overlay ပြောင်းပေးပါ။


(၁၃) Filter>Render>Lens flore နှိပ်ပါ။ Brightness: 100, Lens type: 50-300m Zoom ထားပေးပါ။


(၁၄)  Filter>Distort>Polar coordinates မှာ Polar to Rectangular ထားပေးပါ။ ပြီးရင် အောက်ကမူ ရင်းလေယာနဲ့ Ctrl+E သုံးပြီးပေါင်ပေးပါ။


(၁၅) ပေါင်းထားတဲ့လေယာကို Ctrl+J သုံးပြီးလေယာတစ်ခုထပ်ပွားပေးပါ။


(၁၆) ပွားထားတဲ့လေယာကို Ctrl key ကိုဖိပြီးတော့ Click တစ်ချက်နှိပ်လိုက်ပါ။ စလက်အနေနဲ့ရပါလိမ့် မယ်။ စလက်ရရင် Set foreground color: #ffffff ထားပြီး၊ Tool box မှ Brush tool ယူပါ။ ပြီးရင် အနား ဖွာတဲ့ဘရပ်ဆိုက်ဒ်ယူပေးပါ။ Opacity: 44 လောက်ထားပြီး အောက်ခြေမှာ နှင်းပုံစံလေးတွေ ဆွဲပေးပါ။ စိတ်ရှည်ဖို့တော့ လိုမယ်နော်။ ကျွန်တော်ပုံနဲ့ပြထားပါတယ်။


(၁၇) မင်းသမီးပုံအသင့်ဖြတ်ထားတာလေးကို ဖန်လုံးအပေါ်ဆွဲထည့်လိုက်ပါ။  လေယာဘောက်က Blend moode မှာ Normal ကနေ Overlay ပြောင်းပေးပါ။



သူငယ်ချင်း Final  ပုံလေးကိုကြည့်လိုက်ဦးနော် လန်းတယ်မဟုတ်လား ............
တတ်လို့၊ တော်လို့ရယ်တော့ မဟုတ်ရပါဘူးဗျာ။ မသိသေးတဲ့သူများ ဒီနေရာကလေးကနေ တစ်ခုခု သိသွား ပါစေဆိုတဲ့ စေတနာလေးကြောင့်ပါဗျာ။ ပညာရှင်အားလုံးကို လေးစားလျက်ပါ။ အားလုံးဘဲ ပျော်ရွင် ချမ်းမြေ့ပါစေလို့ ဆုတောင်းရင်း ဘိုင့်ဘိုင်နော်.........
ရိုးရိုးလေး (yoeyoelay18@gmail.com)

ဒီတစ်ခါတော့ ဖလင်ပုံလေးလုပ်နည်းပြောပြပါမယ်။ သိပ်မခက်ပါဘူး။ 
File>New နဲ့ Width: 500 Pixel, Heigth: 300 Pixel လောက်နဲ့ ပေ့တစ်ခုယူလိုက်ပါ။ အဲ့ဒီပေ့ပေါ်မှာ Set foreground color : #d7d7d7, Set background color: #ffffff အသုံးပြုပြီး Tool box မှ Grandient tool ဖြင့် Linear gradient ထားကာ အထက်မှအောက်သို့ ဆွဲချလိုက်ပါ။
(၁)  Layer>New>Layer ဖြင့်အသစ်တစ်ခုယူပါ။ ပြီးရင် Tool box မှ Rectangular Marquee tool ဖြင့် ပုံမှာပြထားသလို ဆွဲလိုက်ပါ။ ပြီးရင် Set foreground color : #000000 သုံးပြီး Ctrl+ Baskspace ဖြင့် အနက်ရောင်ဖြည့်လိုက်ပါ။ 
(၂) Layer>New>Layer ဖြင့်အသစ်တစ်ခုယူပါ။ ပြီးရင် Tool box မှ Rounded Rectangle tool ဖြင့် Radius : 10 Px လောက်ထားပြီးပုံမှာပြထားတဲ့အတိုင်း အကွက်လေးဆွဲလိုက်ပါ။ ပြီးရင် အဖြူရောင် ဖြည့် လိုက်ပါ။ 
(၃) ပြီးရင်တော့ အဲ့ဒီအကွက်လေးကို Ctrl+J ဖြင့် လေယာပွားပြီး ကီးဘုတ်မှ Arrow key ဖြင့် ဘေးဘက် သို့ ပွားယူလိုက်ပါ။ အနက်ရောင်လိုင်းပေါ်မှာ ပွားသွားရမှာပါ။
(၄) အကွက်ပုံစံပွားထားတဲ့လေယာအားလုံးကို Ctrl+E သုံးပြီး တစ်ခုထဲပေါင်းလိုက်ပါ။ Background layer နဲ့ အမဲရောင်ကာလာဖြည့်ထားတဲ့လေယာတွေကိုတော့ ချန်ထားရမှာဖြစ်ပါတယ်။ ပေါင်းထားတဲ့ Layer ပေါ် မှာကလစ်နှစ်ချက်နှိပ်ပြီး Frame လို့ အမည်ပေးလိုက်ပါ။ 
(၅) Layer>New>Layer ဖြင့်အသစ်တစ်ခုယူပါ။ ပြီးရင် Tool box မှ Rounded Rectangle tool ဖြင့် Radius : 2 Px လောက်ထားပြီးပုံမှာပြထားတဲ့အတိုင်း အကွက်အသေးဆွဲလိုက်ပါ။ ပြီးရင် အဖြူရောင်ဖြည့် လိုက်ပါ။ အပေါ်ဘက်မှ စက်ပေါက်ရာအကွက်လေးတွေဖြစ်ပါတယ်။ ပြီးရင်တော့ Ctrl+J ဖြင့် လေယာပွား ပြီး ကီးဘုတ်မှ Arrow key ဖြင့် ဘေးဘက် သို့ ပွားယူလိုက်ပါ။ အနက်ရောင်လိုင်းပေါ်မှာ ပွားသွားရမှာပါ။
(၆) ပြီရင်ပွားထားတဲ့ လေယာအားလုံးကို Ctrl+E သုံးပြီး တစ်ခုထဲပေါင်းလိုက်ပါ။ ပြီရင် small frame လို့ အမည်ပေးလိုက်ပါ။ ပြီရင် Ctrl+J အသုံးပြုပြီးပွားလိုက်ပါ။ ကီးဘုတ်မှ Arrow key  ဖြင့် အောက်ဘက်သို့ ချလိုက်ပါ။
(၇)  ပြီရင် Ctrl+J အသုံးပြုပြီးပွားလိုက်ပါ။ ကီးဘုတ်မှ Arrow key  ဖြင့် အောက်ဘက်သို့ ချလိုက်ပါ။ small frame 2 ခုလုံးကို Ctrl+J အသုံးပြုပြီးပေါင်းလိုက်ပါ။ အရင်လုပ်ထားတဲ့ frame ဆိုတဲ့ လေယာ မပါဘူးနော်။ အားလုံးပေါင်းပြစ်မဆိုးလို့။
(၈) Frame အကွက်ထဲမှာထည့်မည့် ပုံတစ်ခုကို ဖွင့်ပြီး Move tool သုံးပြီးဆွဲယူလိုက်ပါ။ ပုံကကြီးနေ ရင်တော့ Ctrl+T အသုံးပြုပြီးဘေးဘယ်ညာမှ ဆွဲသေးပြစ်လိုက်ပါ။ ပြီးရင်တော့ အဲ့ဒီပုံကို Frame ပေါ်မှာ တင်ပေးထားလိုက်ပါ။
(၉) ပြီရင် Frame ကိုသွားပါ။ Tool box မှ Magic wand tool သုံးပြီး ပုံတင်ထားတဲ့အကွက်ပေါ်မှာ ကလစ် နှိပ်လိုက်ပါ။ Frame လေယာကို သွားရမှာနော်။ မှားမဆိုးလို့။ Magic wand tool နဲ့ ကလစ်လိုက် ရင် အကွက်ပုံစံအတိုင်းလေးစလက်ဖြစ်သွားပါလိမ့်မယ်။ စလက်အကွက်ဖြစ်သွားရင် ကိုယ်ထည့်ထားတဲ့ ဓါတ်ပုံလေယာကိုပြန်သွားပါ။ Select>Inverse လုပ်လိုက်ပါ။ ပြီးရင် ကီးဘုတ်မှ Delete key နှိပ်ပြီးဘေး သားတွေကိုဖျက်ပြစ်လိုက်ပါ။ ခုကျွန်တော်ပြောပြခဲ့တဲ့နည်းအတိုင်းဘဲ ဓါတ်ပုံထည့်လိုက် Frame layer သွား လိုက်။ Magic wand tool သုံးပြီးကလစ်လိုက်။ မူရင်ဓါတ်ပုံလေယာပြန်လာလိုက်၊ စလက်အင်ဗတ်လုပ်ပြီး ဒလိကီးနှိပ်ပြီးဖျက်လိုက်လုပ်ပြီးကျန်တဲ့အကွက်တွေကိုလည်း ဖြည့်သွားရမှာဖြစ်ပါတယ်။ ဟူးးးးးးးးးးးးး
အကွက်အားလုံးဖြည့်ပြီးသွားရင်တော့ ဓါတ်ပုံအကွက်လေးတွေကြည့်အောက်ပါအတိုင်းလေယာအသစ်တွေ ရမှာပါ။
(၁၀) ရလာတဲ့ဓါတ်ပုံလေယာများကို Ctrl+E သုံးပြီး တစ်ခုထဲပေါင်းလိုက်ပါ။ ပေါင်းလို့ရတဲ့လေယာကိုမှ 
Image>Adjustments>Brightness/contrast မှာ အထက် 20 ၊ အောက်18 လောက်ပေးလိုက်ပါ။ ပြီးရင်တော့ Background layer မှလွဲပြီးတော့ ကျန်တဲ့လေယာအားလုံးကိုပေါင်းလိုက်ပါတော့။
(၁၁) ကျွန်တော်တို့ပေါင်းထားတဲ့လေယာကို Ctrl+J အသုံးပြပြီး လေယာတစ်ခုပွားလိုက်ပါ။ Edit>Transform> flip vertical နှိပ်ပြီးဇောက်ထိုးလုပ်လိုက်ပါ။ ပြီးရင် ကီးဘုတ်က Arrow key ဖြင့် အောက်ဖက်သို့ ချလိုက်ပါ။ Layer box မှ Opacity:30 လောက်လျော့လိုက်ပါ။
(၁၂)  ပြီးရင် အပေါ်ကလေယာမှာ Tool box မှ Rectangular Marquee tool ဖြင့်ပထမနှစ်ကွက်ပေါ်မှာ ၀ိုက်ဆွဲလိုက်ပါ။ ပြီရင် ကီးဘုတ်မှ Ctrl+Shift+J နှိပ်လိုက်ပါ။ လေယာအသစ်အနေနဲ့တက်သွားပါလိမ့်မယ်။ အဲ့ဒီပြတ်သွားတဲ့လေယာကိုမှ Edit>Transform> Warp နှိပ်လိုက်ပါ။ အထက်မှမျဉ်းတွေကို အပေါ်ဘက် သို့ဆွဲပါ။ အောက်ဘက်မှမျဉ်းကိုလည်းအပေါ်ဘက်သို့ဆွဲတင်ပါ။ ဂငယ်ပုံလေးဖြစ်သွားပါလိမ့်မယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။
(၁၃) နံပါတ် (၁၂) အဆင့်ကအတိုင်းပါဘဲ ကျန်တဲ့ အကွက်လေးတွေကိုလည်း မူရင်လေယာကိုသွားလိုက်  Tool box မှ Rectangular Marquee tool ဖြင့်ဒုတိယနှစ်ကွက်ပေါ်မှာ ၀ိုက်ဆွဲလိုက်ပါ။ ပြီရင် ကီးဘုတ်မှ Ctrl+Shift+J နှိပ်လိုက်ပါ။ လေယာအသစ်အနေနဲ့တက်သွားပါလိမ့်မယ်။ အဲ့ဒီပြတ်သွားတဲ့လေယာကိုမှ Edit>Transform> Warp နှိပ်လိုက်ပါ။ အထက်မှမျဉ်းတွေကို အောက်ဘက် သို့ဆွဲပါ ။ အောက်ဘက်မှ မျဉ်းကိုလည်းအောက်ဘက်သို့ဘဲဆွဲချပါ။ ပြီးရင် Enter ခေါက်လိုက်ပါ။ ကျန်တဲ့အကွက်တွေကိုလဲ ဒီအတိုင်း ဘဲ လုပ်သွားရမှာပါ။ ဒီလိုလှိုင်းပုံစံလေးပါ။ လေယာတွေကတော့ 2 ကွက် တဖြတ်အနေနဲ့တက်သွားမှာပါ။
(၁၄) 2 ကွက် တဖြတ်အနေနဲ့တက်သွားတဲ့လေယာတွေကို Ctrl+E သုံးပြီးပေါင်းပြစ်လိုက်ပါ။ ပြီးရင် Opacity လျော့ထားတဲ့လေယာကိုပြန်သွားပါ။ အဲဒီလေယာမှာ အောက်ပိုင်းတ၀က်လောက်ကို Tool box မှ Rectangular Marquee tool နဲ့ဖြတ်ဆွဲလိုက်ပါ။ Select>Feather 10 လောက်ပေးပြီး အောက်ပိုင်းကို ဖြတ် ချလိုက်ပါ။
(၁၅) ကျန်တာကတော့ အထက်ကအဆင့်တွေအတိုင်းပါဘဲ။ Rectangular Marquee tool နဲ့ ဆွဲလိုက်။ Ctrl+Shift+J နဲ့ဖြတ်ချလိုက်။ Edit>Transform> Warp သုံးပြီးကွေးသင့် တာ၊ ကောက်သင့် တာတွေ  ကောက်လိုက်တော့နော့်။ လွယ်ပါတယ်။ အထက်ကအဆင့်တွေအတိုင်းဘဲဟာကို ......
ကဲဒါကတော့ ဖိုင်နယ်ပုံပါ။ သူငယ်ချင်းတို့လဲ စမ်းသပ်ကြည့်ကြဦးပေါ့ဗျာ .............
တတ်လို့၊ တော်လို့ရယ်တော့ မဟုတ်ပါဘူးဗျာ။ မသိသေးတဲ့သူတွေ ဒီပို့ဒ်လေးကနေပြီးတော့ တစ်ခုခု သိသွားပါစေဆိုတဲ့  စေတနာကြောင့်ပါဗျာ။ ပညာရှင်အားလုံးအစဉ်လေးစားလျက်ပါဗျာ။ သူငယ်ချင်းအား လုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင် ကဲ ... အားလုံးဘဲ.......ဘိုင့်ဘိုင်
ရိုးရိုးလေး (yoeyoelay18@gmail.com)

No comments:

Post a Comment