Friday, May 23, 2014

Meet mudskippers လို့ ခေါ်တယ့် ရေတပိုင်းကုန်းတပိုင်း ငါးမျိုး


 Meet mudskippers လို့ ခေါ်တယ့် ရေတပိုင်းကုန်းတပိုင်း
ငါးမျိုးစိတ်ဖြစ်ပြီး သူတို့ ရဲ့ အတောင်တွေဟာ
ကုန်းပေါ်မှာဆို လမ်းလျှောက်နိုင်လောက်အောင်သန်မာပါတယ်....
သူတို့ ပါးဟက်တွေဟာ ပုံမှန်အရွယ်တူငါးတွေထက်ပိုကြီးမားပြီးတော့
ရေထဲမှာဆို ရေမ၀င်နိုင်အောင်တားစီးပေးထားပါတယ်....

ZK
(ကနောင်)

Scientist Myanmar

ကျန်းမာရေးနှင့်အလှအပအတွက် အထောက်အကူပြုသော မာလကာသီး၏အကျိုးကျေးဇူးများ




မာလကာသီးဟာ မြန်မာလူမျိုးများ နှစ်ခြိုက်စားသုံးကြတဲ့ သစ်သီးတစ်မျိုး ဖြစ်ပေမယ့် မာလကာသီးနဲ့ အလှပြင်တာ ကတော့ ရှားပါလိမ့်မယ်။ မာလကာသီးဟာ ပျိုမေများအတွက် ကရိကထိများကာ ကမကထ စီစဉ်ဝယ်ယူရမယ့် သစ်သီး တစ်မျိုး မဟုတ်တဲ့ အပြင် ဈေးလည်းချို အလွယ်လည်း ဝယ်ယူနိုင်တဲ့ အပြင် အလှအပအတွက်ပါ ထည့်သွင်း အသုံးပြု နိုင်တာမို့ မာလကာသီးနဲ့ အလှအပ ရေးရာ အဖြစ် ဖော်ပြလိုက် ရပါတယ်။

မီးဖိုချောင်မှနည်းလမ်းကောင်းလေးများ


             

၁။ ခေါင်းကိုက်နေပါသလား၊ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။တဆစ်ဆစ် ကိုက်နေတာတွေ သက်သာသွားပါလိမ့်မယ်။

၂။ ခြင်ကိုက်လို့ယားနေပါလား၊ ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။

၃။ သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ။ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။

ဆား၏လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ

 
၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေ
တယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ... ပြီးရင် ခဏစောင့်ပါ.... နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်....
၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ... အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်...

ခေါင်းထဲမှာ ယားနေရင်

Thursday, May 22, 2014

အစားအသောက်များတွင် ပါဝင်သော ဓာတ်များ

နေ့စဉ်စားသောက်နေတဲ့ အစားအေသာက်တွေထဲမှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဓာတု ဒြပ်ပေါင်း ပြည့်ဝတဲ့ အစားအစာ antioxidant-rich meals တွေပါဝင်သလို အချိုဓာတ်များပြီး သွေးချိုကို မြင့်မားသွားစေနိုင်တဲ့ အစားအသာက်များလည်း ပါဝင်ပါတယ်. . မိမိနေ့စဉ် စားသောက်ရာမှာ ဘယ်အစားအစာမှာဖြင့် ဘယ်လိုဓာတ်မျိုး ပါဝင်တယ် . . . . စားသင့်၊ မစားသင့် ကျန်းမာရေးနဲ့ ကိုက်၊ မကိုက် ချင့်တွက် နိုင်ဖို့ ဓာတ်သဘာဝ အုပ်စုအလိုက် ဖော်ပြလိုပါတယ်. . .

ဘေးအန္တရာယ်ကိုဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေးများ




✿ ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက် ၏အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊
bacon ၊ အစားအစာများက စားကောင်းတဲ့အပြင် အချိန်ကြာရှည်စွာ အထားခံနိင်တာမို့လုတိုင်းနှစ်သက်ကြပါတယ် ။ ဒါပေမယ့် လွန်ကဲသောဆားဒြပ်ပါဝင်ပြီး အသားကို ကြာရှည် ဆားနယ်သိပ်ရတာကြောင့် နိုက်ထရိုစမင်း Nitrosamine ကိုဖြစ်စေပြီး
လုခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ မှာ ကင်ဆာရောဂါကိုဖြစ်စေတဲ့
Dimethylnitrosamine ဒြပ် အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

✬ အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။ လက်ဖက်ရည်ကြမ်းက ဘေးအန္တရာယ်ကိုဖြစ်စေသောဒြပ်တွေကို ပျက်ပြားစေပါတယ် ။ နေ့တိုင်းလက်ဖက်ရည်ကြမ်းသောက်ခြင်းက ကျန်းမာရေးကိုအထောက်အကုပြုနိင်ပါတယ် ။ ငါးခြောက် ၊ဝက်ဆားနယ်ခြောက် ၊ဝက်ပေါင်ခြောက် ပေါင်း (သို့) ချက်စားတဲ့အခါ ရှာလကာရည် (သို့) သံပရာရည် အနည်းငယ်ထည့်ပြီး ကျက်အောင်ချက်ခြင်းဖြင့်နိုက်ထရိုစမင်း Nitrosamine ကို ပျက်ပြားစေပါတယ် ။